ပင်မစာမျက်နှာ

အမျိုးသမီးရင်သားကိုနေ.စဉ်ကြည်.ရှုခံစားသည်.အမျိုးသားများ၏ကျန်းမာရေးပိုမိုကောင်းမွန်နိုင်

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်
သားအလှကို နေ့စဉ် (၁၀)မိနစ်စီ
 ကြည့်ရှုခံစားခြင်းသည် အမျိုးသားများ
အတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း 
သိရှိရသည်။


ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသ
ည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း
 ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲ
 ကြားနေကြသည်။

ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန်

 ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေး
ထားသည်။

(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို

အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊
 သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ
 ဖြစ်ပေါ်နိုင်ခြေ သိသိသာသာကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။


                                  
လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ

 သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။

ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သားအလှကို

 နေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း 
 ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ 

 ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်းဆိုသည်။


1 comment:

  1. သားကြည်၇င် ပါး၇ိုက်မှာပေါ့ နော်

    ReplyDelete