ပင်မစာမျက်နှာ

ခြားနားချက်ကလေးများ

ခြား နား ချက်လေးမျာ

း.........
.
ဖြစ်တတ် တာ လေး တွေပါ နော်........လူ တိုင်းတော့ မဟုတ် ပါဘူး ( ဟုတ်ချင်လဲဟုတ်မှာပေါ့ နော်.....ဟဟ...ရယ်ရအောင်ပြန်တင်ပေးလိုက်တာ.......)

၁။ ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ ။ ။ ကလေးကိုဘယ်နှစ်ယောက်ယူလိုက်မလဲလို့စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။ စိတ်ကူးတဲ့အတိုင်းကလေးမယူဖြစ်ခဲ့ရင် အကောင်းသားလို့ တွေး၏။

၎။ ချစ်သူဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ချစ်သူအားပေးလို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏။

၅။ ချစ်သူဘ၀ ။ ။ မွှန်နေသော်လည်း ကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏။

၆။ ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။

၇။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀။ ။ ကဗျာရေးသူ ငစနူ။

၈။ ချစ်သူဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀။ ။ သူငိုလျှင် tv အစီအစဉ်တွေ ကောင်းပြီ။

၉။ ချစ်သူဘ၀ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။

၁၀။ ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်းချိတ်ပြီး၊ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းခြင်းချိတ်ပြီး၊ သွားလေ့ရှိ၏။

၁၁။ ချစ်သူဘ၀ ။ ။ အစားစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀။ ။ အစားစားလျှင် ဇွန်းကိုင်လိုက်မှာကြောက်၏။

No comments:

Post a Comment