ပင်မစာမျက်နှာ

ဟာသတိုလေးများ....

(၁)ရုပ်ပျိုကိုယ်နုဆေး
          ကိုဘမောင်တို့ မိသားစု မြို့ပေါ်သို့ အလည်လာကြသည်။  ရှော့ပင်းမောကြီးထဲမှာ ရှိသောဆိုင်တိုင်း၊ ဆိုင်တိုင်း ကိုဘမောင်တို့ အတွက် အထူးအဆန်းပင်ဖြစ်သည်။  ကိုဘမောင် မိန်းမကတော့ အ၀တ်အထည်တန်းမှာ ရွေးနေသည်မှာ မပြီးတော့။  သားအဖ နှစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။  ဓာတ်လှေကားကြီးကို သွားတွေ့သည်။
“ဖေဖေ… အဲ့ဒါဘာကြီးတုန်းဟင်….”
“အဖေလည်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး သားရဲ့”
ထိုစဉ် အသက် ၄၀ ကျော် မိန်းမ ၀၀ ဖိုင့်ဖိုင့်ကြီးတစ်ယောက် ဓာတ်လှေကား ခလုပ်ကိုနှိပ်သည်။  ဓာတ်လှေခါး တံခါး ပွင့်လာသည်။  ထိုမိန်းမကြီး ဓာတ်လှေကားထဲသို့ ၀င်သွားသည်။  ဓာတ်လှေကား တံခါးပိတ်သွားသည်။  ထိုမိန်းမကြီး အပေါ်ထပ်သို့ တပ်သွားသည်။  ကိုဘမောင်တို့ သားအဖ မျက်တောင်မခတ်ကြည့်နေကြသည်။
          ခဏနေသော်… ဓာတ်လှေခါး တံခါး ပြန်ပွင့်လာသည်။  အသက် ၂၄ နှစ်အရွယ် ကောင်မချောချောလေး တစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လာသည်။  ကိုဘမောင်တို့ သားအဖ အံအားသင့်သွားသည်။
“ဟ  နိပ်ဟာ.. ဟေ့သားရေ… မင်းအမေကို မြန်မြန်သွားခေါ်”
  (၂)  ရှာနေတာ…
မိန်းဖြစ်သူမှ ယောက်ျားကို မေးသည်
“ရှင်ဘာလုပ်နေတာ ဒုန်း…”
“ဘာမှ မလုပ်ပါဘူး မိန်းမရယ်.. ငါ့ဟာ ငါ ဒီမှာထိုင်နေတာ.”
“ဘာမှ မလုပ်ဘူး သာဆိုတယ်.. ရှင် ကျွန်မတို့ရဲ့ လက်ထပ်စာချုပ်ကို ထိုင်ကြည့်နေတာ တစ်နာရီ နီးပါးရှိပြီ”
“သြော်.. ငါက အိတ်စပါယာ ဒိတ်ကို ရှာနေတာ”
(၃)
ဘယ်လိုမှ မရဘူး
          အသက် ၈၅ နှစ်ရှိပြီဖြစ်သော အဘိုးအိုတစ်ယောက် ကျန်းမာရေးစစ်ရာတွင် သုတ်ပိုးအရည်အတွက် စစ်ဆေးရန်ပါ လိုအပ်ကြောင်း ဆရာဝန်က ပြောသည်။  “ကဲ အဖိုး ဟောဒီ ပုလင်းကိုယူသွား.. မနက်ဖြန်ကျရင် ကျွန်တော့်ဆီကို နမူနာ ယူလာခဲ့ပါ”
          နောက်တစ်နေ့…. အဖိုးအို ပုလင်းခွံအတိုင်းပင် ပြန်ရောက်လာသည်။
“ဘယ်လိုဖြစ်တာလဲ အဖိုး”
“မပြောချင်တော့ပါဘူး ဆရာရယ်… အိမ်ရောက်တော့ ကျွန်တော် ကြိုးစားတယ်။  ပထမ ဘယ်ဘက်လက်နဲ့… မရဘူး။  နောက် ညာဖက်လက်နဲ့ မရဘူး။  အဲ့ဒါနဲ့ ကျွန်တော့်မိန်းမကို ကူခိုင်းရတယ်။  မိန်းမကလည်း ပထမ ညာဖက်လက်နဲ့… မရဘူး။  နောက်..ဘယ်ဖက်လက်နဲ့….. ဒါလည်း မရဘူး။  နောက်ဆုံး သူ့ပါးစပ်နဲ့ ကြိုးစားတယ်… အံပုံ သာထွက်လာတယ် မရဘူးဆရာရေ…  အဲ့ဒါနဲ့ ဘေးအိမ်က မေရီ ကို အကူအညီတောင်းရတယ်။  မေရီလည်း ကူညီရှာပါတယ်ဆရာရယ်… သူ့ လက်နှစ်ဖက်နဲ့ .. မရဘူး၊  နောက်ဆုံး တံခေါက်ခွက်ကြားထဲ.. ဒါလည်း မရဘူး ဆရာ”
“ဟင်.. ဘေးအိမ်က လူတောင် အကူအညီတောင်းရတယ်.. ဟုတ်လား အဖိုး”
“ဟုတ်တယ်လေ ဆရာရဲ့… ဆရာပေးလိုက်တဲ့ ပုလင်းအဖုံးက ကြပ်နေတော့ ဘယ်လိုမှကို ဖွင့်လို့မရတာ”
(၄)
သတင်းကောင်း
          မိန်းမဖြစ်သူ အလုပ်က ပြန်လာတော့ စောပြီးပြန်ရောက်နေတဲ့ သူယောင်္ကျားကို လှမ်းပြောလိုက်တယ်…
“မောင်ရေ…  ရှင့်ကို သတင်းကောင်းတစ်ခုပြောစရာရှိတယ်။  ဒီနေ့ကစပြီး ကျွန်မတို့ အိမ်လေးမှာ ကျွန်မတို့ နှစ်ယောက်ထဲမဟုတ်တော့ဘူး။  မကြာခင်မှာ ၃ ယောက်ဖြစ်လာတော့မယ်။ သိလား”
“ချစ်ရယ် တကယ်ဘဲလားကွာ” ယောင်္ကျားဖြစ်သူဟာ သူမိန်းမကို ရွှန်းရွှန်းစားစားကြည့်ပြီးတော့ ကြည်နူးစွာနဲ့ အနမ်းလေး ပေးလိုက်ပါတယ်။
“ဟုတ်တယ်မောင်ရဲ့ မနက်ဖြန်ကျရင် မေမေက ကျွန်မတို့ အိမ်ကို အပြီး ပြောင်းလာတော့မှာ”

No comments:

Post a Comment