ပင်မစာမျက်နှာ

window မှာhard disk ကိုpartition ခွဲနည်းပြန်ပေါင်းနည်း


င်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေးကို မသိသေးသူအားလုံးအတွက်

မျှဝေလိုက်ပါတယ်... သူမေးထားတာကတော့ Window 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ ..?

 ပြီးတော့ ဘယ်လိုပြန်ပေါင်းရမလဲ ..?ဆိုပြီးမေးထားလေးပါ....

ဘယ် Software မှ သုံးစရာမလိုပါဘူး Window ပေါ်မှာပဲ ခွဲ/ပေါင်း လို့ရပါတယ်......။

Partition ခွဲနည်း

Start >> Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ (သို့) Run > diskmgmt.msc  ကို ရေးထည့်ပြီး Enter ခေါက်လည်းရပါတယ်...။

ကျန်တာတွေကို ပုံလေးတွေအတိုင်း ဆက်လုပ်ပေးသွားပါ..။






Drive (C:) ကနေဥပမာ အဖြစ် ခွဲပြပါ့မယ်... အပေါ်ကပုံမှာပြထားတဲ့အတိုင်း (C:) ပေါ်ကို Right Click နှိပ်ပြီးShrink Volume ကိုရွေးပါ..။




ခဏစောင့်ပေးပါ..။

ဒီနေရာမှာ မိမိ လိုချင်သလောက် ခွဲပါမယ်... 1GB ကို 1024 MB ရှိပါတယ် ..(မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါ)  ကျနော်ကတော့ 30GB ခွဲမှာမို့ 30720 လို့ရေးထည့်ပေးလိုက်ပါတယ်...။ ပြီးရင် Shrink ကိုဆက်နှိပ်လိုက်ပါ..။



ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခုရောက်လာပါပြီ... မပြီးသေးပါဘူး သူ့ကို နာမည်ပေး ကင်ပွန်းတပ်ဖို့ ကျန်ပါသေးတယ် ... နာမည်ပေးဖို့  Right Click  ထောက်ပြီး   New Simple Voulem ကိုရွေးပေးပါ..။



Next အဆင့်ဆင့် နှိပ်ပေးပြီး ...




နာမည်တစ်ခုရွေးပေးလိုက်ပါ .. ကျနော်ကတော့ G ကိုရွေးပေးလိုက်ပါတယ်...။



Next အဆင့်ဆင့် နှိပ်ပေးပြီး Finsh ကိုနှိပ်ပါ..။



 My Computer ကိုဖွင့်ကြည့်လိုက်ပါ မောင် G လေးအဖြစ်နဲ့ Patition လေးတစ်ခု ရောက်လာပါပြီ...။

Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ ....။

Partiton ပြန်ပေါင်းနည်း

မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့... မောင် G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် :D

Delete လုပ်ပေးရပါ့မယ်..။



မောင် G ပေါ်ကို Right Click  နဲ့  Delete Volume ကိုရွေးပါ..



Yes ကိုနှိပ်ပါ...



ပြန်ပေါင်းဖို့ အတွက် (C)  ပေါ်ကို Right Click နှိပ်ပြီး Extend Volume ကိုရွေးပါ ....



Next အဆင့်ဆင့်နဲ့ OK လိုက်ပါ..။



ခုဆိုရင် မောင် G လေးမရှိတော့ပဲ (C) ထဲကို ပြန်ရောက်သွားပါပြီ....။

 အားလုံး နားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်တာပါ ..

အားလုံး အဆင်ပြေကြပါစေ...

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)

ဒါလေးကတော့ pc တခု့မှာ OS ၂ ခု့ ဖြစ်နေလို့ ပြန်ဖျက်ချင်တယ်ဆိုရင်

ပြန်ဖျက်နိုင်ဖို့ပါ

အရင်ဆုံး ဝင်းဒိုးပုံလေးနဲ့ R (window+ R ) ကိုတွဲနှိပ်လိုက်ပါ



အပေါ်က ပုံမျိုးပေါ်လာရင် msconfig လို့ ရိုက်ထည့်လိုက်ပါ

ပြီးရင် OK နှိပ်လိုက်ပါ



ကျနော်မှာတော့ ဝင်းဒိုး၂ ခုမရှိလို့ မဖော်ပြနိုင်ပါဘူး အနီးစပ်ဆုံး ကျနော်ရေးပေးပါမယ်

အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် Boot နေရာ ကို ဝင်လိုက်ပါ

ယခု့ အသုံးပြု့နေတဲ့ OS( current os ) ရယ် မသုံးပဲရှိနေတဲ့ OS ရယ်

ဆိုပြီးတော့ ပေါ်နေပါမယ် မိမိဖျက်မယ် OS ပေါ် ကိုကလစ် နှိပ်လိုက်ရင် အနီရောင်လေးထောင့်ကွင်းလေးမှာ

delete ဆိုတာလေးက အရောင်လင်းလာပါလိမ့်မယ် နှိပ်ပေးလိုက်ပါ

apply နှိပ်ပါ ပြီးရင် ok နှိပ်လိုက်ပါ

window က reboot ကျပြီးတော့ ပြန်တက်လာပါလိမ့်မယ်

စောစောကအတိုင်း window + R နှိပ်ပြီး msconfig နှိပ်ပြီးတော့ ပြန်ကြည့်လိုက်ပါ

ဖျက်လိုက်တဲ့ OS မရှိတာကိုတွေ့ရပါမယ် ဒါဆိုရင် HDD မှာ နေရာလွတ်တွေများသွားပြီးတော့

သိမ်းချင်တာလေးတွေ သိမ်းလို့ရပြီပေါ့ဗျာ အောက်မှာ video လေးတခု့ ကိုလည်း

ခိုးပြီးတင်ထားပေးတယ် ကြည့်လိုက်ပါ from  (ကိုလတ်(ကျွဲဆင်း) )

No comments:

Post a Comment