၂၀၀၅-ခုနှစ် ဇွန်လခန့်မှစ၍ “တရုတ်စကားပင်”များကို
တစ်ဖက်နိုင်ငံက ဈေးကောင်း ပေးဝယ်နေကြောင်း နယ်စပ်ဖြစ်သော “မြဝတီ”မြို့တွင်
သဆင်းထွက်ပေါ်လာခဲ့သည်။
ထို့နောက် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ တရုတ်စကားပင်အချို့ မြဝတီသို့ ရောက်ရှိလာပြီး အရောင်းအဝယ် ဖြစ်လာခဲ့သည်။
အရောင်းအဝယ်ဖြစ်သော တရုတ်စကားပင်များကို
လေ့လာကြည့်သောအခါ ပင်စည်၏ ရင်ဆို့လုံးပတ်သည် (လူကြီး) သုံးထွာဆိုင်
အနည်းဆုံး ရှိရမည်ဖြစ်ပြီး အမြစ်ရင်းပါအောင် တူးဖော်လာရမည်။
တစ်ပင်လျှင် ကျပ်ငွေ တစ်သိန်းခန့် ဈေးဖြတ် ဝယ်ယူနေကြောင်း စုံစမ်းသိရှိရသည်။
အထူးစိတ်ဝင်စားဖွယ်ကောင်းသော အချက်မှာ
တစ်ဖက်နိုင်ငံမှ ဝယ်ယူနေသော တရုတ်စကားပင်-ဟူသည်မှာ “တရုတ်စကားပင်” မဟုတ်ဘဲ
“အဖိုးတန် အကျော်ပင်များ” ဖြစ်ကြောင်း လာရောက် ရောင်းချသူများ အမှန်တကယ်
မသိကြခြင်းလား၊ မသိဟန်ဆောင်နေကြခြင်းလားဆိုသည့် အချက်ပင် ဖြစ်သည်။
မြန်မာနိုင်ငံအသီးသီးတွင် တရုတ်စကားပင်နှင့်
အကျော်ပင်များကို “ရနံ့သင်း၊ အရိပ်ရ၊ မျက်စိပသာဒဖြစ်အောင်”
စိုက်ပျိုးထာေးလ့ရှိကြသည်။ သို့သော် သာမန်ပြည်သူအများစုကမူ တရုတ်စကားပင်
နှင့် အကျော်ပင်ကို ကွဲပြားစွာ မသိဘဲ ရှိကြသည်။
စင်စစ်တွင် တရုတ်စကားပင်နှင့် အကျော်ပင်သည်
ဆင်ဆင်တူရုံသာရှိပြီး အသွင်ကွဲပြားသလို ဆေးဖက်ဝင် အာနိသင်လည်း
ကွဲပြားပါသည်။ တန်ဖိုးလည်း မိုးနှင့်မြေပမာ ကွာခြားပါသည်။
သက်တမ်းရင့် အကျော်ပင်၏ အရည်အသွေးမီ ပင်စည်အနှစ်သည်
တစ်ပိဿာလျှင် ကျပ်တစ်သိန်း ဝန်းကျင် ပေါက်ဈေးရှိပါသည်။ တရုတ်စကားမှာမူ
ပင်စည်အသုံးဝင်မှု မတွေ့ရှိပါ။
တရုတ်စကားပင် နွားတင်းကုတ်မှာရှိသည် အဆုတ်အဆုတ်ပွင့်၏
အပွင့်ကိုလက်သုတ်သုတ်စားရသည် ကျနော်တို့ငယ်ငယ်တုန်းကသင်ရိုးကဗျာလေးပါ
မှန်ပါတယ်ကဗျာရေးတဲ့ဆရာသည်ပင်ဆေးပညာလိုက်စားသူဟုထင်မိပါသည် အပွင့်မှာ အဖြူ
အဝါ နီညို သုံးမျိုးတွေ့ရတတ်ပါတယ်
နီညိုရောင်အပင်ကပိုပြီးဆေးပိုစွမ်းပါတယ်ကျန်တဲ့အရောင်တွေလဲဆေးအဖြစ်သုံး
လို့ ရပါတယ် အလားတူအရွက်တူ ပင်စီပုံစံတူ
အပွင့်ကြီးကြီးအကျော်ပင်လည်းဆေးအသုံးဝင်ပါတယ် အပွင့်ကိုလက်သုတ်
သုတ်စားရင်လူလတ်ပိုင်းအရွယ်မှအထက်ပဂ္ဂိုလ်များနားအူ နားထိုင်း
နားပင်းအကြားအာရုံနည်းသူများသက်သာပြောက်ကင်းစေပါတယ်နားနောက်မှာအပူစိရှိရင်လဲပွင့်ဖတ်ဖြင့်ပွတ်ခြေပေးရင်သက်သာပြောက်ကင်းစေပါတယ်
အပင်ရဲ့အခေါက်ကိုနူတ်နုတ်စင်းပြီးအခြောက်လှမ်း လက်တွင်းတဆုတ်ကို
သုံးခွက်တခွက်ကြိုသောက်လျှင်မီးရပ်နှင့်ဆိုင်သော ပိန် ခြောက်
ထိန်ပြောက်ကင်းပါတယ် လေးဘက်နာ
ဂေါက်ရှိသောသူများယောက်ကျားရောမိန်းမပါကြိုသောက်ပြောက်ကင်းပါတယ်နောက်ကြောတက်သမညးများလဲသက်သာပြောက်ကင်းစေပါတယ်
သွေးဆုံးသွေးပြတ်သမားများလဲကြိုသောက်လျင်သွေးလေမှန်ပြီးသက်သာပြောက်ကင်းပြီး
မြန်မြန်ပြီးစေပါတယ် ကလေးရဖို့ခက်ခဲသူများအရွက်မှအစေး
အခေါက်ကိုဓါးထစ်ပြီးရသောအစေး ဟင်းစားတဇွန်း
ပျားရည်ဖြစ်နိုင်လျင်အုံပြားလက်ဘက်ရေတပုဂံဖြင့်တေပြီးနေခြောက်တပတ်ခန့်ချက်ခါအိပ်ရာဝင်
လက်ဘက်စားတဇွန်းစားပေးလျင် ကလေးရစေတတ်ပါတယ် တရုတ်စကားပင်ရဲ့အစွမ်းလေးပါု
အပွင့်၂၅ပွင့်နှင့်ဆိတ်နို့၂၅ကျပ်သားကိုရောကျိုပြီးတစ်နေ့တစ်ဇွန်းစားပေးရင်လဲ....ယောကျာင်္းအားကိုဖြစ်စေတယ်လို့ဖတ်ဖူးပါတယ်.
No comments:
Post a Comment