အခုရေးသားဖ်ါပြတဲ့နည်းကတော့ကျနော်ကွန်ပျူတာတစ်ခုမှကိုရီးယားဝင်းဒိုးကြီးဖြစ်နေတာ အဆင်မပြေလို.အွန်လိုင်းတစ်ခွင်ဗြဲဗြဲစင်အောင်လျှောက်ရှာရင်းနောက်ဆုံးကိုလွင်မင်းဗိုလ်ဆီကတွေ.လို.သယ်ချင်းတို.ကြုံတဲ.အခါအသုံးပြုလို.ရအောင်
ပြန်လည်မျှဝေပေးတာပါ။
*************************************************************** အသုံးပြုနည်းကတော. အင်တာနက်ရှိတဲ့ နေရာတွေမှာမှ အဆင်ပြေမယ့်
လုပ်နည်းပါ..။ တချို့မိတ်ဆွေများ ကြုံဖူးပါလိမ့်မယ်..။ English ဘာသာနဲ့
မဟုတ်တဲ့ ဝင်းဒိုးတွေမှာ တရုတ်ဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်းဘာသာ စသဖြင့် Single
Language နဲ့ တင်ထားတဲ့ ဝင်းဒိုးတွေမှာ ဆိုရင် တခြား Language
နောက်တစ်မျိုးကို ပြောင်းသုံးလို့ မရနိုင်ပါဘူး..။ အဲ့လိုဖြစ်နေတဲ့
ဝင်းဒိုးတွေမှာ ဆိုရင်တော့.. မိမိတို့ ပြောင်းသုံးလိုတဲ့ English ဘာသာ
ရဖို့ဆိုရင် ဒီပိုစ့်က လုပ်နည်းလေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။
ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ကျနော့် သူငယ်ချင်းတစ်ယောက်က Windows 8.1
တစ်ခွေယူလာပေးပါတယ်..။ ကျနော်ဝင်းဒိုးတင်ကြည့်တော့ ဆွီဒင်ဘာသာနဲ့
ဖြစ်နေတယ်..။ သူလည်း မရွေးတတ်လို့ တွေ့ရာယူလာတာလို့ ပြောပါတယ်..။ Single
Language ဖြစ်နေတော့ E-လို ပြန်ပြောင်းဖို့လည်း မရတဲ့အတွက် ဒီအတိုင်းပဲ
ဝင်းဒိုးတင်လိုက်ရတယ်..။ ဝင်းဒိုးတင်ပြီးတော့မှ ဒီပိုစ့်က နည်းအတိုင်း
လုပ်ပေးလိုက်မှ English ဘာသာကို ပြောင်းလို့ ရသွားပါတယ်..။ ဒါကတော့
ကြုံကြိုက်လာလို့ လိုက်ရှာရင်း အဆင်ပြေတဲ့ လုပ်နည်းလေးမို့..
ဒီလိုကြုံတဲ့သူများ ရှိခဲ့ရင် အလွယ်တကူ အသုံးပြုလို့ ရအောင်
ပိုစ့်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဟိုးအရင်တုန်းက အကိုတစ်ယောက် Cbox မှာ
မေးဖူးပါတယ်.. သူသုံးနေတဲ့ ဝင်းဒိုးက ဂျပန်ဘာသာဖြစ်နေလို့ E-လို
ပြောင်းသုံးချင်တာတဲ့..။ အဲ့တုန်းကတော့ ကိုယ်တိုင်မကြုံဖူးသေးလို့
လုပ်နည်းကို မရေးပေးဖြစ်ခဲ့ပါ..။ အခုတော့ ဒီလုပ်နည်းကို နောက်ပိုင်းလူများ
အလွယ်တကူ အသုံးပြုလို့ ရအောင် အောက်မှာ တဆင့်စီ
ရှင်းပြပေးထားပါတယ်..။
ကျနော်ဝင်းဒိုးတင်လိုက်တဲ့ စက်မှာ ကိုရီးယားဘာသာနဲ့ ဖြစ်နေလို့
ဝင်းဒိုးတင်ပြီးတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်မဖတ်တတ်တဲ့
စာတွေနဲ့ ဖြစ်နေပါတယ်..။ လိုက်ပြောင်းပေးရမယ့် နေရာကလည်း ပြောင်းလဲရမယ့် လုပ်နည်းတွေက အတူတူပဲ ဖြစ်ပါတယ်..။
အရင်ဆုံး all controlpanel ကိုသွားလိုက်ပါ အဲ.ထဲ က fonts ဆိုတဲ. folder လေးကိုဖွင်.လိုက်ပါပီးသွားရင် ဘယ်ဘက် အောက်ဒေါင်.နားက text services and input langues ဆိုတာလေးနှိတ်လိုက်ပါ ဝင်ပြီးရင်တော့ Add a language နေရာကနေ မိမိတို့
အသုံးပြုလိုတဲ့ ဝင်းဒိုး System Language ကို ရွေးယူပြီး ဒေါင်းယူ Install
ထည့်ပေး ရမှာပဲ ဖြစ်ပါတယ်..။
လိုချင်တဲ. langue ကိုယူပီးပါကOptions ကနေ ဝင်ပြီး Download and install language
pack စာသားနေရာကို တချက်ကလစ်ပြီး လိုအပ်တဲ့ ဖေါင့်တွေကို အင်တာနက်ကနေ
ဒေါင်းယူ Install ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ..
ဒေါင်းလော့ပြည့်တဲ့အထိ စောင့်နေပေးပြီး Install ပြီးသွားရင်တော့
မိမိတို့ရဲ့ စက်ကို Restart ပေးလိုက်ရင် စက်ပြန်တက်လာတဲ့အခါ မိမိတို့
လိုအပ်တဲ့ ဘာသာ၊ စာ တွေကို ဝင်းဒိုးမှာ မြင်ရပါပြီ..။
စက်ပြန်တက်လာရင်တော့ Font နေရာကို ပြန်ဝင်ပြီး နောက်ထည့်လိုက်တဲ့ Language
ကို အပေါ်ကို ရောက်အောင် Move up အပေါ်ဆုံးကို တင်ထားလိုက်ပါ..။
ဒီလောက်ဆိုရင်တော့ အဆင်ပြေပါပြီ..။
( ရေကြည်သားလေး)
No comments:
Post a Comment