ပင်မစာမျက်နှာ

MPT Internet Connection မြန်အောင်လုပ်နည်း (For Android)

ပထမနည်း
-----------
၁ – သူငယ်ချင်းတွေမှာရှိတဲ့ဖုန်းထဲက Setting ကိုသွားရပါမယ် ….
၂ – Mobile Networks ကို ဆက်သွားပါ့မယ် …
၃ – Network Operators ကိုသွားပါ …. Auto Search for Network ပြုလုပ်ဖို့ Ok နှိပ်ပါ …
၎ – MM900 ဆိုတဲ့ Network ကို Reister ပြုလုပ်ပြီး Back နဲ့ ပြန်ထွက်ပါ ….
၅ – Mobile data ရယ် Data roaming ရယ်ကို ဖွင့်ထားရပါမယ် …
၆ – Accss Point Names ထဲကိုဝင်ပါ …
၇ – Menu ကို Click ပြီး New APN ယူပါ …
၈ – Name မှာ H2O လို့ နာမည်ပေးပါ …
၉ – APN မှာ ထုံးစံအတိုင်း mptnet ပေါ့ …
၁၀ – Save ပြုလုပ်ပါ ….
ဒါဆို သုံးနေကျထပ်တော့ အနည်းငယ်မျှမြန်ပါပြီ … ဒါဆို ပထမနည်း ပြီးဆုံးပါပြီ …
------------
ဒုတိယနည်း
------------
၁။ ပထမဦးစွာ မိမိဖုန်းရဲ့ setting ထဲက Advanced setting ထဲကိုဝင်ရပါမယ်
… တချို့ဖုန်းတွေကတော့ Display ထဲကိုဝင်ရပါမယ် … Advanced setting
ထဲဝင်တဲ့ဖုန်းတွေက Animator duration scale ကို Click တစ်ချက်ပေးပြီး
Animation is off ကိုထားပေးရပါမယ် … Display ထဲဝင်တဲ့ ဖုန်းတွေကတော့
Animation ထဲဝင်ပြီး No Animation ကိုရွေးပေးပြီး Home screen
ရောက်အောင်ပြန်ထွက်ထားရပါမယ် …
၂။ မိမိဖုန်းမှာ မူရင်းပါလာတဲ့ Internet Brower တစ်ခုကိုဖွင့်ရပါမယ် …
ဖွင့်ပြီးပြီဆိုရင်တော့ Menu key ကိုနှိပ်ပြီး setting ထဲဝင်ရပါမယ် …
တချို့ဖုန်းတွေက Advanced ထဲဆက်ဝင်ပြီး Enable plug-ins ကို Click
တစ်ချက်ပေးပြီး Enable plug-ins ကို Off ပေးရပါမယ် …
တချို့ဖုန်းတွေကကြတော့ Internet Brower ထဲက Setting ထဲဝင်ပြီးတာနဲ့
Enable plug-ins ကို တိုက်ရိုက်တွေ့နိုင်ပါတယ် … သူ့ကိုလဲ Off
ပေးရပါမယ် … ပြီးပြီ ဆိုရင်တော့ Home screen ကိုပြန်သွားထားပေးပါ …
၃ ။ ကျနော်တို့ တတိယ ပြုလုပ်ရမဲ့အချက်ကတော့ မိမိတို့ဖုန်းတွေမှာ
Animation Wallpaper twae တင်ထားလားဆိုတာ သတိပြုပါ …
အင်တာနက် ကော်နက်ရှင် မြန်ချင်ရင်တော့ Animation Wallpaper တွေ
တင်မထားဖို့ကို တားမြစ်ထားတာတွေ့ရပါတယ် … သူငယ်ချင်းတို့ရဲ့
Backgound တွေကို သေချာပြန်စစ်ကြည့်ပြီး ပြုပြင်ပေးပါ … Animation
မပါတဲ့ Background မျိုးကိုရွေးတင်ထားပေးပါ … ပြီးရင် Home screen
ကိုပြန်သွားထားပေးပါ …
၎။ Setting က Application manager ကိုသွားရပါမယ် …
တချို့ဖုန်းတွေကတော့ Application ထဲဝင်ပြီး Manage application
ထဲဝင်ထားပေးရမှာဖြစ်ပါတယ် … အဲ့မှာ Download ဆိုတဲ့ tab မှာ
Application အရမ်းများနေမယ်ဆိုရင်လဲ
အင်တာနက်ကလေးနေတက်ပါတယ် .. ကိုယ်တစ်ကယ် အသုံးလိုတဲ့ App
တွေ လောက်ပဲထားပြီး … မလိုတာတွေကို Uninstall လုပ်ပြစ်စေချင်ပါတယ်
… ဖြစ်နိုင်ရင်တော့ Basic Application တွေလုပ်ပဲထားတာ
အကောင်းဆုံးလို့ဆိုပါတယ် …
၅။ Uninstall လုပ်ပြီးပြီဆိုရင်တော့ Home key ဘေးမှ Back ကို နှိပ်ပြီး
Setting ထဲကိုပြန်သွားပေးပါ … Setting ထဲရောက်ပြီဆိုရင်တော့ Add
account ထဲကိုသွားပါ … တချို့ဖုန်းတွေကတော့ Account and sync
လို့ဖော်ပြပါတယ် … ကဲ … အဲ့ Add account/ Account and sync ထဲကို
သွားပေးပါ … အဲ့ထဲမှာရှိတဲ့ ကိုမလိုအပ်တဲ့ အကောင့်တွေကို Sync တွေ
လုပ်ထားခဲ့တယ်ဆိုရင်ပိတ်ပြစ်ပါ … ပိတ်လို့မရရင် remove account
လုပ်ပြစ်လိုက်ပါ လိုအပ်တာ အနည်းအကျဉ်းလောက်ပဲ ထားခဲ့လိုက်ပါ ….
အာလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ …
ဖုန်းလေးပြန်တက်လာရင်တော့ အင်တာနက်ဖွင့်တဲ့ bottom လေးကို
နှိပ်ချင်နေလောက်ပြီ … ကျေးဇူးအထူးတင်ပါတယ် … ဖော်ပြပါ အချက်များကို
ဆောင်ရွက်ရာမှာ သတိပြုဆောင်ရွက်သင့်ပါတယ် … ဒါဆိုရင်တော့
အင်တာနက်ပိုင်းရော ဖုန်းပိုင်းရော ၂ ခုလုံးကို ပြင်ဆင်ပြီးသည့်အတွက်
ပြုပြင်မှု ပြီးဆုံးပါပြီ … အင်တာနက်လိုင်းက Step 1 ပြင်ထားတာနဲ့
သိသိသာသာ ကြီးကွာခြားမှုကိုတော့တွေ့မြင်ရမှာမဟုတ်ပါဘူး … ဒါပေမဲ့
ရသင့်တဲ့ အင်တာနက် မြန်နှုန်းကို သူငယ်ချင်းများ ရလိုက်တဲ့အတွက်
ဂုဏ်ယူစရာပါ … ကျနော့ဖုန်းကတော့ Step1 နဲ့ Step2 ပေါင်းပြီး ဘယ်ချိန်
Download လုပ်လုပ် ၂၅၀ နဲ့ ၂၇၀ ကြားမှာရှိနေပါပြီ …
အရမ်းမခတ်တဲ့အတွက်ကြောင့် သူငယ်ချင်းများအားလုံး
အဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ် …
Credit to - Myanmar Mobile App Store

No comments:

Post a Comment