ဦးစားပေးပြောချင်တာက 4G LTE ပါ..
ဆရာကြီးတော့ မလုပ်ရဲပါဘူးဗျာ.. စေတနာအရင်းခံမို့ အမှားရှိရင်ခွင့်လွတ်ကြပါ
၁။ Myanmar Font ကိစ္စပါ (ဒါကိုတော့ ဆရာသမား တော်တော်များများ ရှင်းထားပီးသားမို့ကျနော်အထွေအထူးမပြောတော့ပါဘူး)
၂။ Myanmar Font နဲ့ တွဲနေတဲ့ Root ပြသနာပါ..(အဲ့ဒါကြောင့်Rootဖောက်မယ်ဆို Firmware လေးရှာထားစေချင်ပါတယ် အချိန်မရွေး Firmware ကျသွားနိုင်လို့ပါ)
***ကိုယ့်ဖုန်းရဲ့ Model နဲ့ Buildnumber အလိုက် www.sammobile.com မှာ
လိုသည်ဖြစ်စေမလိုသည်ဖြစ်စေ ဒေါင်းထားတာမမှားပါဘူး. အဲ့မှာ Firmware Upgrade တွေလဲရနိုင်တာမို့ အသုံးဝင်ပါတယ်. ကျနော် Firmware တုန်းကဆို လုံးဝဒေါင်းလို့ မရပါဘူး. Firmware ရောင်းစားတဲ့ ဆိုင်တွေကတောင် ဒေါင်းလို့မရလို့ လက်လျှော့လိုက်ပါတယ်. ဆိုင်တွေပို့လိုက်တော့လဲ ထိုနည်း၎င်းပါပဲ
Firmware တင်တာလေးကို ၃သောင်း တောင်းပေမယ့် သူတို့လည်း လက်လျှော့သွားရပါတယ်..အကြောင်းက File Size က 2GB ကျော်လို့.. တ၀က်မှာပျက်ပျက်သွားတာပါ..လိုင်းမကောင်းလို့ Server Down သွားတာလဲဖြစ်နိုင်ပါတယ်..သူတို့ဒေါင်းတဲ့ BuildNumber မကိုက်တာလဲ ဖြစ်နိုင်
ပါတယ်.. ဒေါင်းလို့မရတာနဲ့ပဲ လွတ်ပစ်လိုက်ရတော့မှာလားဗျာ..
အဲ့ဒါနဲ့ Over sea က Bro တယောက်ကိုအကူအညီတောင်းပီး Medaifire ပေါ်ကိုတင်ခိုင်းလိုက်မှပဲ ကျနော်အဆင်ပြေပြေဒေါင်းလို့ရပီး Firmware ပြန်တက်သွားပါတယ်ဗျာ..***
၃။ Mobile Data ကိစ္စပါ (4G LTE ကကြီးဖုန်း သုံးရင်ကြုံရတဲ့ပြသနာပါ)
***ကိစ္စက ဒီလိုပါ ... Notification Panel မှာရှိတဲ့ မျှားနှစ်ချောင်းလို့ အလွယ်ခေါ်ကြ
တဲ့ Mobile Data Network Button လေးဖွင့်လိုက်ပီဆိုတာနဲ့ ကျနော်တို့ရဲ့ ဖုန်းဘေတွေကို တဖြုတ်ဖြုတ်ကုန်အောင် တုပ်တဲ့ကိစ္စပါ. ပုံမှန်ဆို ၂ကျပ် သို့မဟုတ်
၎ကျပ် ဖျက်ရမှာပါ. Korea phone တွေကို တုပ်တာက ၃၀၊ ၄၀ ကျပ် တုပ်တာပါ.
အကြောင်းမှုကား. Korea Phone တွေအခြေခံထားတာက 4G/LTE ပါ. သိတဲ့အတိုင်း
ကျနော်တို့ ခြေချတော်မှုတဲ့ ရွှေနိုင်ငံကြီးမှာက 3G ဆိုတာတောင် သတင်း ထဲမှာပဲ
ကြားဖူးတာကိုး. အလွယ်ပြောရရင် Platform ခြင်း မတူလို့ MPT က အူကြောင်ကြားဖြစ်သွားတဲ့ကိစ္စပါခင်ဗျာ..***
နောက်ပိုင်းမှာတော့ MPT က ဒီလိုဖြေရှင်းချက်လေးနဲ့ နှစ်သိမ့်လိုက်ပါတယ်ဗျာ..
(နိုင်ငံခြားမှဝယ်ယူအသုံးပြုသည့်ဟန်းဆက်အချို့မှာ 4G Network ဖြစ်နေခြင်းကြောင့်
အင်တာနက်သုံးရာတွင် ဖုန်းဘေလ်ဖြတ်တောက်ခံရမူများရှိနေပြီး Setting ပြန်လည်ပြင် ဆင်၍အသုံးပြုရန်လိုကြောင်း မြန်မာ့ဆက်သွယယ်ရေးမှထုတ်ပြန်ထားသည်။
ထိုသို့ငွေဖြည့်ကတ်နှင့်ပတ်သက်၍ GSM/WCDMA ဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၇၆ နှင့် CDMA450/CDMA800 Wall ဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် CDMA800(Mec Tel) ဖုန်းများအတွက် ၀၁-၆၅၆၉၉၄ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းမြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်ထားပါသည်။)
တချို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြလို့ အဆင်ပြေနေတာလဲရှိပါတယ်.
သူတို့ အဲ့လိုမထုတ်ပြန်တုန်းက ကျနော်ကိုယ်တိုင်လည်း အဆင်ပြေသလို ကလိ ပီး သုံးခဲ့ရလို့ပါ. ဒါပေမယ့် လိုင်းက ရတစ်ချက် မရတစ်ချက်ပါ.
**နောက်ပိုင်းတော့ အကောင်းဆုံးနည်းလမ်းကို ကျနော်ရှာတွေခဲ့ပါတယ်**
အဲ့ဒါကိုတော့ နံပါတ် ၄ မှာ ရှင်းထားပါတယ်..
၎။ Low Signal ဖြစ်တဲ့ ပြသနာ က လိုင်း မ မီ တ မီ ဖြစ်တဲ့နေရာတွေမှာ ဖြစ်တဲ့ကိစ္စပါ
တော်တော်ဆိုးပါတယ်.. Model မြင့် S4,S5 ကိုင်ပီး သူများတွေ ဟယ်နို....ဟယ်နို
လုပ်နေတဲ့အချိန် ကကြီးဖုန်းက လိုင်းပျောက်နေတဲ့ အဖြစ်က ပြောရက်စရာမရှိပါဘူး.
ဖြေရှင်းနည်းကတော့ လွယ်ပါတယ်..
1- Dialing Keypad မှာ 319712358 ဆိုပီး ရိုက်ထည့်လိုက်ပါ.
2- Password တောင်းရင် 774632 , 996412 သို့မဟုတ် 110821 ပေးလိုက်ပါ
3- SKT Hidden Menu တစ်ခု ကျလာမှာပါ
4- Network Setting ထဲ က Network Mode မှာကိုယ်သုံးတဲ့ Network frequency
ရွေးချယ်ပေးလိုက်ပီဆို Low Signal Case က လုံးဝအဆင်ပြေပြေ
ဖြစ်သွားပါတယ်ဗျာ (default ရှိနေ မှာက LTE frequency မှာပါ အဲ့ဒါကို
ကျနော်တို့က ပြောင်းပေးရတာပါ ။ အဲ့ဒီကောင်လေးက MPT နဲ့ ရန်ဖက် မို့
Mobile Data Bill ပြသနာလဲ ချုပ်ငြိမ်းသွားပါတယ်
Samsung test code က *#0*# နော် လမ်းကြုံလေး မှတ်ထားလိုက်နော်
အဆင်ပြေကြပါစေဗျာ.. ဆရာသမားများအား လေးစားလျက်..

No comments:
Post a Comment