ပင်မစာမျက်နှာ

စမတ်ဖုန်းတွေမှာ သင်မသိသေးတဲ့ Tip များ




တကယ်တော့ စမတ်ဖုန်းတစ်ခုဟာ သင်တွေးထားတာထက် ပိုပြီးစွမ်းဆောင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ လျှို့ဝှက်ထားတဲ့ အချက်လေးတွေနဲ့ လှည့်စားချက်လေးတွေရှိပါတယ်။ သင့်ကိုမပြောပြရင် မသိနိုင်တဲ့အရာမျိုးပေါ့။ app ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သင်စမ်းကြည့်သင့်တဲ့အရာလေးတွေကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

Easter Egg မှာ ကစားရအောင်

Android Easter Egg ဆိုတာကတော့ Android 6.0 Marshmallow မှာ စပြီးတော့ မိတ်ဆက်လိုက်တဲ့ သူငယ်ချင်းတွေအများကြီးတဲ့ တစ်ချိန်တည်းမှာ ကစားလို့ရအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ device information ဆီသွားပြီးတော့ Android version ကို အကြိမ်ခပ်များများလေး နှိပ်လိုက်ပါ။ ပြီးရင်တော့ M လေးကို ဖိနှိပ်ထားပေးပါ။ ကစားဖော်တွေမရမချင်း အပေါင်းလေးကို နှိပ်ပေးပါ။ ပြီးရင်တော့ ဂိမ်းစပြီးတော့ ကစားနိုင်ပါပြီ။


flappy bird multiplayer easter egg

Built-in file explorer ကို အသုံးပြုလိုက်ပါ။

androidpit file commander app

သင်ဟာ file explorer app မလိုနိုင်တော့ပါဘူး။ Memory & USB ထဲက settings ကိုသာ ချိန်ညှိလိုက်ပါ။ အဲဒီမှာ file system တွေကို ကြည့်နိုင်ပြီး ဖိုင်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါပြီ။

WPS push button နဲ့အတူ အချိန်ကုန်သက်သာတဲ့ချိတ်ဆက်မှု

သင့်အနေနဲ့ လုံခြုံစိတ်ချရတဲ့ WiFi ကို password မရိုက်ဘဲနဲ့ ချိတ်ဆက်နိုင်တယ်ဆိုတာ သိပါသလား။ router မှာပါတဲ့ ခလုတ်လေးတစ်ခုက WiFi key ကို ရှာဖွေနေချိန် သက်သာစေပြီးတော့ installation ကိုလည်း မြန်ဆန်စေပါတယ်။ တစ်ခါတစ်ရံမှာတော့ သင့်ကို Log in ဒါမှမဟုတ် WPS / Reset ဒါမှမဟုတ် သင့်အနေနဲ့ အောက်မှာပြထားသလို ပုံလေးလိုမျိုး တွေ့မြင်နိုင်ပါတယ်။

wps push hero

WiFi Protected Setup ဟာ အရာအားလုံးကို ကွယ်ဝှက်ထားပါတယ်။ ရိုးရှင်းတဲ့ ခွင့်ပြုချက်ရှိမရှိစစ်ဆေးမှုကတော့ သင့်ရဲ့ WiFi router ကို အချိန်တိုအတွင်းမှာ သုံးစွဲခွင့်ရစေပါတယ်။ အဲဒီလိုမျိုးကို ခလုတ်လေးတစ်ခုနဲ့ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှာ WiFi menu ကိုသွားပါ။ Advanced ကိုသွားပြီး WPS push button ကို နှိပ်လိုက်ပါ။ ချိတ်ဆက်မှုကတော့ စက္ကန့်အနည်းငယ်မှာ ပြီးပါလိမ့်မယ်။

Animations တွေကို အရှိန်တင်လိုက်ပါ။

developer settings ကိုသွားပြီး Animation times အားလုံးကို 0.5 သတ်မှတ်လိုက်ပါ။ menus တွေဟာ နှစ်ဆလောက် မြန်မြန်ဆန်ဆန်ပိတ်သွားမှာဖြစ်ပြီး သင့်ရဲ့ စမတ်ဖုန်းကို အမြန်လေး အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

enable developer options

အရေးပါတဲ့ settings တွေကို home screen ပေါ်မှာ တင်ကြစို့

Settings ထဲမှာ သင်မကြာမခဏ သုံးနေတဲ့ ပုံမှန်ဟာလေးတွေ ရှိပါသလား။ ဥပမာ – dual-SIM management ၊ Bluetooth or WiFi စတာတွေကို သင့်ရဲ့ home screen ပေါ်မှာ တင်ထားနိုင်ပါတယ်။

android settings widget huawei mate 9

စမတ်ဖုန်းကို mouse နဲ့ သုံးလိုက်ပါ။

တကယ်လို့သင့်ရဲ့ display ဟာ ကွဲနေပြီး touchscreen အလုပ်မလုပ်ဖြစ်နေပါသလား။ ဒါမှမဟုတ် touch သုံးရတာ အဆင်မပြေဖြစ်နေပါသလား။ USB mouse နဲ့ ချိတ်ဆက်လိုက်ပါ။ လိုအပ်တာကတော့ USB OTG cable လေးဖြစ်ပြီး အဲဒါရှိရင် စတင်လို့ ရပါပြီ။ gamepads နဲ့ လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ USB stick နဲ့ adapter တို့လည်း သုံးနိုင်ပါသေးတယ်။ လုပ်ကြည့်လိုက်ပါ။ သင့်ရဲ့ iPhone သုံးစွဲသူ သူငယ်ချင်းတွေတောင် မနာလိုဖြစ်လာပါလိမ့်မယ်။ microUSB OTG adapter ရှိသလို Type-C အတွက်လည်း ရှိပါတယ်။

AndroidPIT control a phone with a mouse 1

Android update ရဲ့ feature အသစ်တွေကို အသုံးပြုလိုက်ပါ။

operating system ကို ကြီးကြီးမားမား update လုပ်လိုက်တာနဲ့ ကျွန်တော်တို့တွေဟာ အသေးစားတီထွင်မှုလောက်လေးကိုပဲ ကြည့်မိကြပြီး မသုံးဖြစ်ကြပါဘူး။ အများစုကတော့ လက်တွေ့ဆန်ပြီးတော့ အရမ်းကောင်းပါတယ်။ Marshmallow နဲ့ဆိုရင် sophisticated notification function ၊ app တစ်ခုချင်းစီကို pin လုပ်နိုင်တာ အရမ်းကိုကောင်းမွန်ပါတယ်။ Nougat မှာဆိုရင် split screen ဟာ သင့်ကို YouTube ကြည့်ဖို့နဲ့ WhatsApp မှာစကားပြောတာကို တစ်ချိန်တည်းမှာ ပြုလုပ်နိုင်စေပါတယ်။

လျှို့ဝှက်ကုဒ်တွေကို အသုံးချပါ။

စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သင့်ရဲ့ ဖုန်း app တွေရဲ့ number field မှာ ရိုက်နိုင်တဲ့ ကုဒ်တွေကို ပေးထားပါတယ်။ အဲဒါတွေနဲ့ သင်ဟာ mailbox ဖွင့်တာ၊ IMEI ကို ကြည့်တာ ၊ လျှို့ဝှက် menu တွေကို ၀င်တာမျိုးတွေ ပြုလုပ်နိုင်ပါပြီ။

Credit-MMA

No comments:

Post a Comment