ပင်မစာမျက်နှာ

Windows 10 မှာ အင်တာနက်ဒေတာသုံးစွဲမှု အရမ်းများနေတာကို ဘယ်လိုလျှော့ချမလဲ

Microsoft ဟာ Windows 10 ကို စတင်ရေးဆွဲကတည်းက အင်တာနက်နဲ့အမြဲချိတ်ဆက်နေပြီး၊ အမြဲ update ဖြစ်နေမယ့် Operating System တစ်ခုအဖြစ် ဦးတည်ရေးဆွဲခဲ့တာဖြစ်ပြီး၊၊ Windows OS တွေအထဲမှာ ဒေတာအစားဆုံး OS တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီလို အင်တာနက်ဒေတာအရမ်းသုံးတဲ့အချက်ကြောင့်လည်း အင်တာနက်ကွန်နက်ရှင်အခက်အခဲရှိတဲ့လူတွေအနေနဲ့ Windows 10 OS ကို သုံးကြည့်ချင်ရဲ့သားနဲ့ မသုံးဖြစ်ကြဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့။ Microsoft ရဲ့ နောက်ဆုံး OS ကို ဒေတာအရမ်းမကုန်ဘဲ စိတ်ချလက်ချသုံးနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။
(၁) ပထမဆုံး Windows 10 ရဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒါကတော့ ကျနော်တို့ လက်ရှိသုံးနေတဲ့စမတ်ဖုန်းတွေလိုမျိုး Data Usage စစ်ကြည့်နိုင်တဲ့ tool လေးဖြစ်ပါတယ်။Windows key နှိပ်ပြီး Data Usage overview လို့ ရိုက်ရှာနိုင်သလို၊ Start > Settings > Data Usage ကနေလည်း ဝင်နိုင်ပါတယ်။
Data Usage overview မှာ ရက် ၃၀ (တစ်လအတွင်း) Wi-Fi နဲ့ ကြိုးအင်တာနက်လိုင်းကနေ အင်တာနက်ဒေတာ ဘယ်လောက်သုံးထားတဲ့ဆိုတာ ခြုံငုံဖော်ပြထားမှာဖြစ်ပြီး၊ အသေးစိတ်သိချင်ရင် အောက်က Usage details ဆိုတာကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
Usage Details မှာတော့ ဘယ်ဆော့ဖ်ဝဲက အင်တာနက်ဒေတာ ဘယ်လောက်တောင်ဆွဲထားလဲဆိုတာ မြင်နိုင်မှာပါ။ ဒီနေရာကနေ မလိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို uninstall လုပ်ခြင်း၊ ပိတ်ပစ်ခြင်း၊ startup မှာ (ကွန်ပြူတာစတက်လာတဲ့အချိန်) run မနေအောင် disable လုပ်ခြင်းတို့ကို Task Manager ကနေ လုပ်ထားနိုင်မှာဖြစ်ပါတယ်။
(၂) Automatic Windows Updates တွေ ပိတ်ပါ။
ဒါကတော့ ကျနော်တို့ အရင် Windows တွေကတည်းက လူတိုင်းနီးပါးလုပ်နေတဲ့နည်းလမ်းဖြစ်ပြီး၊ အခု Windows 10 မှာလည်း ပြန်သုံးနိုင်ပါတယ်။
Windows 10 မှာ automatic update ပိတ်မယ့်နည်းကတော့
ပထမဆုံး Start (Windows ပုံ) ကို နှိပ်ပြီး၊ Settings ထဲဝင်၊ ပြီးရင် Network & Internet ကို ထပ်ဝင်လိုက်ပါ။ ယခုအခါ Wi-Fi ၊ Airplane mode စတာတွေကို မြင်တွေ့ရပါမယ်။
ဒီနေရာကနေ ကျနော်တို့ လက်ရှိသုံးနေတဲ့ နက်ဝေါ့ခ်ကို ‘metered connection’ အဖြစ် သတ်မှတ်ခိုင်းပါမယ်။ ဆိုလိုတာကတော့ ယခုချိတ်နေတဲ့လိုင်းဟာ data plan အကန့်အသတ်နဲ့ဖြစ်တာကြောင့် Windows automatic download တွေမလုပ်ဖို့ တားမြစ်လိုက်ခြင်းဖြစ်ပါတယ်။
ကံဆိုးတာတစ်ခုက Wi-Fi ကွန်နက်ရှင်တွေကိုပဲ ‘metered’ လုပ်နိုင်ပြီး၊ Ethernet လိုင်းဆိုရင်တော့ မလုပ်နိုင်ပါဘူး။ (နောက်ပိုင်းမှာ Ethernet လိုင်းကို metered လိုင်းသတ်မှတ်ပုံဖော်ပြပေးပါမယ်။)
‘Metered connection’ လုပ်နည်းကတော့ Wi-Fi ထဲက Advanced Options ထဲဝင်လိုက်ပါ။ နောက်ထပ် စာမျက်နှာတစ်ခုပေါ်လာရင် အောက်ကိုအနည်းငယ်ဆွဲချပြီး၊ Metered connection ဆိုတာကို ဖွင့်ပေးလိုက်ပါ။ (ပုံမှန်ဆို ပိတ်နေမှာဖြစ်ပါတယ်။)
(၃) Automatic Peer-to-Peer Update Sharing လုပ်တာပိတ်မယ်
Windows 10 စနစ်ရဲ့ အားသာချက်လို့ ခေါ်ရမလား၊ အားနည်းချက်လို့ဆိုရမလား စွမ်းဆောင်ရည်တစ်ခုကတော့ ကိုယ့်ကွန်ပြူတာက updates တွေကို တခြား Windows 10 ကွန်ပြူတာတွေဆီ အလိုလိုမျှပေးနိုင်တာဖြစ်ပါတယ်။
BitTorrent ပုံစံ ဖိုင်မျှဝေရေးစနစ်တစ်ခုဖြစ်ပြီး၊ မတူတဲ့တစ်ချက်က ဒီလို နောက်ကွယ်မှာ update လုပ်နေတာကို Windows က သင့်ကို သတိပေးမှာမဟုတ်ပါဘူး။ ကိုယ့်လိုင်းကို ‘metered connection’ လုပ်ထားရင် ဒီဖန်ရှင်က အလိုလိုပိတ်နေမှာဖြစ်ပေမယ့်၊ metered မလုပ်ထားဘူးဆိုလည်း အောက်ပါနည်းအတိုင်း သီးသန့်သွားပိတ်ထားနိုင်ပါတယ်။
အရင်အတိုင်း Settings ထဲဝင်၊ Update & Security ကိုသွား၊ Windows Update ကိုရွေး၊ ‘Advanced Options” ကို ထပ်နှိပ်လိုက်ပါ။ “Choose How Updates are Delivered” ကို ရွေးပြီး၊ “PCs on My Local Network” ကိုထားချင်ထား ဒါမှမဟုတ် လုံးဝ ပိတ်ပစ်လိုက်ပါ။
(၄) Live Tiles update တွေနဲ့ App Updates တွေပိတ်ပါ။
Windows 8 မှာ စပါလာတဲ့ Live Tiles တွေဟာ အင်တာနက်လိုင်းအကန့်အသတ်မရှိ၊ ကောင်းကောင်းသုံးနိုင်တဲ့လူတွေအတွက် အသုံးဝင်တဲ့လူတွေ ကောင်းပေမယ့်၊ မလိုတဲ့လူတွေအတွက်တော့ ဘေလ်ကုန်မယ့်အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဒေတာအများကြီးတော့ ဆွဲလေ့မရှိပါဘူး။ ပိတ်ထားမယ်ဆိုရင် Windows ကီးကိုနှိပ်၊ ကိုယ်ပိတ်ချင်တဲ့ Live Tile အကွက်မှာ Right-click ထောက်ပြီး၊ Turn live title off လို့ ရွေးပေးလိုက်ပါ။
Apps update တွေ ပိတ်ထားချင်တယ်ဆိုရင်တော့ Windows ကီးနှိပ်ပြီး၊ Store လို့ ရိုက်ဝင် (ဒါမှမဟုတ်) Wndows ကီးနှိပ်လို့ ပေါ်လာတဲ့ ဘေးအကွက်တွေထဲက Store app ထဲဝင်ပါ။ ပြီးရင် Search box ဘေးနားက လူပုံလေးကို နှိပ်ပြီး၊ Settings ထဲထပ်ဝင်ပါ။ ဒီနေရာမှာ အလိုအလျောက် Apps update လုပ်မလားဆိုတာကို ပိတ်ပစ်လိုက်ပါ။
Windows 10 စနစ်မှာ ဒေတာအများဆုံးသုံးတာက automatic updates တွေနဲ့ automatic uploading တွေ ဖြစ်ပါတယ်။ ဒါကို ပိတ်ထားပြီးပြီဆိုရင်တော့ ကျန်တဲ့ services တွေက သိပ်မပြောပလောက်ပါဘူး။ အင်တာနက်သုံးနေတဲ့ Service တွေကိုပါ ထပ်ပိတ်မယ်ဆိုရင်တော့ Task Manager ခေါ်ပြီး၊ ကိုယ်မလိုအပ်တဲ့ Services တွေ (ဥပမာ- Adobe Reader Updates တွေ) ကို ရွေးချယ်ပိတ်ထားနိုင်ပါတယ်။
👇👇👇👇👇👇👇👇👇👇👇
အကယ်၍ အခုမှ စပြီးအသုံးပြုတဲ့သူတွေ
အတွက် နားမလည်သေးဘူးဆိုရင်
အောက်က လင့်ကနေ၀င်ကြည့်ပါ
ပုံဖြင့်သေချာရှင်းပြပေးထားပါတယ်
👆👆👆👆👆👆👆👆👆👆
Credit To👉 2016 DigitalTimes.com.mm


Windows update တွေပိတ်ထားမယ် (လူတိုင်းလုပ်သင့်)
===========================
Windows update ပိတ်လိုက်ရင်အင်တာနက်အလိုလို ကုန်တာတွေ
အင်တာနက်နှေးတာတွေ အဆင်ပြေသွားမှာဖြစ်ပါတယ်
သူ့အလိုလိုအင်တာနက်မဆွဲနေတော့ပါဘူး
++++++++++++++++
အရင်ဆုံး Search ကနေ services.msc လိုရှာလိုက်ပါ
services.msc စက်သွားပုံစံလေးပေါ်လာလျှင်နှိပ်လိုက်ပါ
Services box ကျလာလျှင် Windows update ကိုလိုက်ရှာပါ
Windows Update ကို Right Click နှိပ်ပြီး Properties ၀င်ပါ
Startup type မှာ Automatic ဖြစ်နေပါမယ် (ပုံမှန်ဆိုရင်)
Automatic ကိုတချက်နှိပ်ပြီး Disable ရွေးပေးပါ
Stop နေရာကိုတချက်နှိပ်လိုက်ပါအတန်းပြေးတာကိုခဏစောင့်ပါ
အတန်းပြေးပြီးလျှင် Apply ကိုနှိပ်ပါ Ok နှိပ်ပြီး ကွန်ပျူတာကို
Restart ချပေးပါ
ဒါဆိုရင် Windows Update ပိတ်တာအောင်မြင်ပါပြီ
အင်တာနက်အလိုလိုဆွဲမနေတော့ပဲ လိုင်းကောင်းကောင်းသုံးနိုင်ပါပြီ
Credit...Than Toe Aung

No comments:

Post a Comment