ပင်မစာမျက်နှာ

မှိုဇကာ

ကျွန်တော်နှစ်နဲ့ချီပြီး ရှာနေသော မှိုဇကာ ယ္ခုမှ ရှာလို့တြွေ့ပီဗျို့
ကျွန်တော့ကို တိုင်းဆေးဆရာလားလို့ မမေးနဲ့နော်
ကျွန်တော့ကို ပုဂ္ဂိုလ်တစ်ဦးပြောဘူးတယ်
ကျွန်တော်မှာ အနာစိမ်းပေါ်က်နေတဲ့ အချိန်တုန်းက မင်းတဲ့ မှိုဇကာလို့ခေါ်တဲ့ မှိုတစ်မျိုးကိုရှာပါတဲ့ ပြီးရင်တဲ့ အဲ့ဒီမှိုကိုတဲ့ အရည်ညစ်ပြီး အနာပေါ်ကို သုတ်လိမ်းပေးလိုက်ပါတဲ့ ယူပြစ်သလိုပြောက်သွားမယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လည်းဘယ်လို ပုံသဏ္ဍာန်ရှိလည်းလို့မေးလိုက်တော့

တောင်ဘို့မိုလိုပါပဲတဲ့ ဒါပေမယ့် အပွင့်မှာ ရိုးရိုမှိုပွင့်လိုမဟုတ်ပဲ ဝါလုံးပုံ အဝိုင်းလေးတွေနဲ့ ဇကာပေါ်က်လိုဖြစ်နေမယ်တဲ့ အလယ်က အူတိုင်ကလည်း အခေါ်င်းပေါ်က်ဖြစ်နေရမယ်တဲ
ဘာရောဂါတွေပြောက်သေးသလည်းဆိုတော့ အနားစိမ်း မွှေးကျွတ်နာ ရေယုံ ကိန္ဒရီ ကိန္ဒယာ အနာ့ပဆုတ် အစရှိတဲ့ အနာမျိုးစုံကိုပြောက်စေပြီး လိပ်ခေါ်င်းရောဂါကိုလည်း ယူပစ်သလိုပြောက်ကင်းစေတယ်လို့ သိရပါတယ်။
ကျွန်တော့အနာပြောက်သွားပြီဆိုပေမယ့် လိုအပ်လာရင် သူတပါးကို ကူညီလို့ရအောင် ယနေ့အချိန်အထိ ကျွန်တော် အဲ့ဒီ့မှိုကိုရှာနေတာ ၄ နှစ်ကျော် ၅ နှစ်လောက်ရှိပါပြီ။
အခုတင်ပေးလိုက်ရတဲ့ အကြောင်းရင်းက မိမိနေထိုင်တဲ့ နေရာပတ်ဝန်းကျင် (သို့)မိမိအလည်အပတ် ရောက်ရှိရာနေရာတွေမှာ တွေ့ရှိခဲ့သည်ရှိသော် သူတပါးအား ကုသိုလ်ဖြစ် ကုသပေးနိုင်ရန် ရည်ရွယ်ပြီး တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment