ဒီရက်ပိုင်း IMEI null/null တွေတွေ့ရတာများနေလို့ဒါလေးရေးလိုက်တာပါ။
****ဖန်းဝဲအမြင့်ရောက်နေတဲ့သူများ
တခုခုဖြစ်လို့ဆိုပီး အနိမ့်ကိုပြန်မဆင်းပါနဲ့။ ဒီလိုပြသနာဖြစ်ဖို့
ရာနှုန်းများပါတယ် ။ ဖြစ်နိုင်ရင် EFS Partation Backup ကိုမဖြစ်မနေ
လုပ်ထားပေးပါ။ *****
N900 သမားများ အဲလိုဖြစ်လာရင် နောက်ဆုံးထွက်ထိုင်းဖန်းဝဲ N900XXUENG1 http://d-h.st/dnA ကိုတင်ပေးရင် အဆင်ပြေသွားတာတွေ့ရပါတယ်။ ဖန်းဝဲဒေါင်းဖို့ အဆင်မပြေသူများ http://pc.cd/9nn ဒီမော်ဒန်ကို Odin ကနေတင်ရင်လဲ အဆင်ပြေကြတာကိုတွေ့ရပါတယ် ။
N9005 သမားများ ပြသနာဖြစ်ပါ က စလုံးနောက်ဆုံးထွက်ဖန်းဝဲ N9005DXUGNH1 http://pc.cd/qbW ကိုတင်ပေးပါ။ တချို့လဲ နောက်ဆုံးထွက်ထိုင်းဖန်းဝဲ N9005XXUFNF4 နဲ့အဆင်ပြေတယ်လို့သိရပါတယ် ။
ဖန်းဝဲဒေါင်းဖို့ အဆင်မပြေသူများ N9005 အတွက် ဒီ Modern တွေကို Odin နေတင်ပီးတော့လဲဖြေရှင်းနိုင်ပါတယ်။ http://d-h.st/twm
ဒါကတော့ NH1 Modern ဖိုင်ပါ။ ပထမဆုံး ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အဲဒီထဲက
MODEM.BIN ဖိုင်ကို Phone/CP နရာမှာထည့်ပီး Odin နဲ့အရင်တင်ပါ Autoreboot
ကို အမှန်ခြစ်ဖြုတ်ထားပေးပါ။ ဖုန်းပြန်တက်လာရင် ဖုန်းပြန်ပိတ် Download
Mode ထဲပြန်ဝင်ပီး NON-HLOS.BIN ကို phone/CP နေရာမှာထည့်ပီး Odin
ကနေတခါထပ်ထည့်ပေးပါ။ NON-HLOS.BIN အတွက် Autoreboot ကို
အမှန်ခြစ်ထားပေးပါ။
ဒါကတော့
နောက်တခု NG1 Modern ဖိုင်ပါ နဂိုအမြင့်တင်ထားတဲ့သူများကတော့
ဒါနဲ့အဆင်ပြေချင်မှပြေပါလိမ့်မယ် ။ အပေါ်က NH1 ကိုပဲအဓိကထားပီးလုပ်ပေးပါ ။ http://d-h.st/bQ8 ဒါကိုတော့ပုံမှန်အတိုင်းပဲ Odin က PDA မှာထည့်ပီး လုပ်ရမှာဖြစ်ပါတယ် ။
တခုသတိထားရမှာက
N9005 စလုံးနောက်ဆုံးထွက်ဖန်းဝဲ တင်ပီးရင် သူ့ထက်နိမ့်တာပြန်ဆင်းရင်လဲ
IMEI null/null ဖြစ်တတ်တယ်လို့ တနေ့က
ဒီဂရုထဲကတယောက်သတိပေးထားတာကိုတွေ့ရတဲ့အတွက် N9005DXUGNH1 ရောက်နေတဲ့သူများ
အောက်ပြန်မဆင်းတာပိုကောင်းပါတယ် ။
IMEI null/null ဖြစ်ပီးအဆင်ပြေသွားတဲ့သူများ နောက်လူများအတွက်ပိုပီးအဆင်ပြေအောင် ဒီပိုစ်အောက်မှာ မိမိအဆင်ပြေတဲ့နည်းကိုရေးပေးကြပါ။
EFS
Partation Backup ရှိထားသူများကတော့ ဆိုင်ရာ Backup ဖိုင်အလိုက် ( .tar ,
.zip ) ကိုCWM ဒါမှမဟုတ် ODIN ကနေပြန်ထည့်ပေးရင်အဆင်ပြေသွားမှာဖြစ်ပါတယ် ။
Thank You Brother
ReplyDeleten900 N900XXUENG1 moden.bin ကို odin က နေ flash done !!!!
ReplyDeletethank you very much.