ပင်မစာမျက်နှာ

မလိုင်လုံး(Rasgulla)လုပ်နည်း။

ပါဝင်သောပစ္စည်းများ။

၁။နွားနို့၁လီတာ။
၂။သံပုရာသီး၁ခြမ်းအရည်။ရေအနည်းငယ်။
၃။သကြားပုဂံလုံးတလုံး။ရေတခွက်။

မလိုင်လုံးလုပ်ရန်။

နွားနို့ကိုအိုးသန့်သန့်တလုံးထဲထည့်ပြီးဆူအောင်တည်ပါ။နွာနို့အိုဆူရင်သံပုရာရည်(သို့)သံပုယိုသီသံပုယိုသီးရည်ကိုရေအနည်းငယ်ထည့်ပြီးဆူနေသောနွားနို့အိုးထဲထည့်ပြီး၁မိနစ်လောက်မွှေပြီးအဖတ်လေးတွေဖြစ်ရင်မီးပိတ်လိုက်ပြီးခဏထားထားပါအဖတ်ကိုရေစစ်ဖို့ပိတ်ပါးပါးတခုကိုဇကာပေါ်တင်ပြီးနွားနို့အဖတ်အိုးလောင်းထည့်ပြီရေအေးအေးနဲ့အနည်းငယ်ဆေးပြီးပိတ်စအဝကိုချီပြီးရေစစ်ထားပါ။
ရေအမြန်စစ်အောင်လက်နဲ့နည်းနည်းညှစ်ပေးပါ။နို့ဖတ်တွေရေစစ်ပြီးရင်မွှေ့တဲ့စက်ရှိရင်စက်ထဲထည့်၍နို့ဖတ်တွေကိုကျေအောင်ကြိတ်ပေးပါ။ကြိတ်ရန်စက်မရှိပါကလက်နဲ့မလိုင်လုံးလုံးလို့ရတဲ့အနေထားရအောင်နှယ်ပေးပါ။

မလာလုံးတဲ့အခါမှာမလိုင်ဖတ်တလုံးစာကိုယူမလာလုံးတဲ့အခါမှာမလိုင်ဖတ်တလုံးစာကိုယူပြီးလက်ဖဝါပေါ်တင်ပြီးတဖြေးဖြေးကျစ်လစ်တဲ့အနေထားရအောင်လုံးပေးပါ။ဖွဖွလုံးရင်အလုံးမလှ
ဘဲကွဲအက်ပြီးပျော်သွားနိုင်ပါတယ်။မလိုင်လုံးလုံးနေတုန်းမှာသကြာကိုရေတခွက်နဲ့အရင်ကျိုထားပါ။

သကြားရည်ထဲစားအနည်းငယ်ထည့်ပါ။မလိုင်လုံးအားလုံးပြီးရင်ဆူနေတဲ့သကြားရည်အိုးထဲကိုထည့်ပြီအိုးအဖုန်းပိတ်ပြီမီအေးအေးနဲ့၁၀မိနစ်လောက်အများဆုံးတည်ထားပါ။မတူးအောင်သတိထားပေးပါနော်။သကြားရည်မပျစ်မကျဲအနေထားမှာဘဲမလိုင်အိုးကိုမီးဖိုပေါ်ကနေချပြီးပုဂံထည့်ပြီးခဏအအေးထားပြီးရင်စားလို့ရပါပြီး။

No comments:

Post a Comment